Jun 28, 2025
မေးခွန်း- မွဖ်သီ ဆရာခင်ဗျား၊ အကီဒဟ် (Aqidah) ဆိုတာ ဘာကိုခေါ်ပါသလဲ။ အကီဒဟရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါ။
အဖြေ- အာရဗီဘာသာစကားအရ "အကီဒဟ်" (Aqidah) ဆိုသည်မှာ "နှလုံးသားတွင် ခိုင်မြဲစွာထားရှိသော ယုံကြည်ချက်" ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းသည် ယုံကြည်သူများအတွက် မေးခွန်းထုတ်စရာ၊ သံသယဝင်စရာမရှိသော သဘောတရားတစ်ခုကို ရည်ညွှန်းပါသည်။
ဘာသာရေးဆိုင်ရာ ဝေါဟာရအနေဖြင့် " အကီဒဟ် " (Aqidah) ဆိုသည်မှာ ကုရ်အာန်ဟဒီးဆ်တော်အရ
ခိုင်မာသောအထောက်အထားဖြင့် သက်သေပြနိုင်ပြီး မည်သည့်သံသယ၊ တွေဝေမှုမျှ မရှိသော ခိုင်မာသည့် ယုံကြည်ချက်ကို ဆိုလိုပါသည်။ ဥပမာအားဖြင့်-
အလ္လာဟ်အရှင်မြတ်၏တစ်ဆူတည်းဖြစ်မှု (သောင်ဟီးဒ်) နှင့် တမန်တော်မြတ်၏ (ရိစာလသ်)တမန်တော်ဖြစ်ခြင်း ကို ယုံကြည်ခြင်း။
ကောင်းကင်တမန်များ၊ ရစူလ်တမန်တော်များ၊ ကောင်းကင်ကျကျမ်းဂန်များ၊ နောက်ဆုံးနေ့ (ကိယာမသ်) နှင့် အကောင်းအဆိုး ကံကြမ္မာသည် အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်သည် ဟု ယုံကြည်ခြင်းတို့ ပါဝင်ပါသည်။
۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔۔
دلائل:
المسامرہ: (ص: 13، ط: دائرۃ المعارف)
وحینئذٍ فاللائق ما فی المقاصد من تعریف علم الکلام بانه العلم بالعقائد الدینیة
عن الادلة اليقنية
فیروز اللغات: (ص: 484، ط: فیروز سنز)
القاموس الوحید: (ص: 1104، ط: ادارہ اسلامیات)
واللّٰه تعالٰی اعلم بالصواب
دارالافتاء الاخلاص،کراچی
ကွယ်လွန်ပြီးနောက် ဝိညာဉ်၊ ကဗရ် နှင့် အာလမေ ဗရ်ဇတ်ခ် (ကြားကာလကမ္ဘာ) ၏ အခြေအနေများ အသေးစိတ်မေးခွန်း။ ။...
တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား စော်ကားသူကို မိမိသဘောအလျောက် ပြစ်ဒဏ်ပေးခြင်း၏ ပညတ်ချ...
ဂျုမုအဟ်နေ့တွင် ကွယ်လွန်ခြင်း၏ မွန်မြတ်မှုမေးခွန်း။ ။ ဂျုမုအဟ်နေ့တွင် ကွယ်လွန်သွားသောသူသည် ကေယာမသ် (...